အရည်အသွေးကောင်းမွန်တဲ့ ဘရိတ်ဆီ (Brake Fluid) မှာ ရှိသင့်တဲ့ ဂုဏ်သတ္တိများ 🚗
လူကြီးမင်းတို့ရဲ့ မော်တော်ယာဉ်တွေမှာ အသုံးပြုလျက်ရှိတဲ့ Brake Fluid တွေရဲ့ အရည်အသွေးကောင်းမွန်ခြင်းကို သိရှိနိုင်စေဖို့ အရည်အသွေးကောင်းမွန်တဲ့ ဘရိတ်ဆီမှာ ရှိသင့်တဲ့ ဂုဏ်သတ္တိတွေကို 𝗧𝗮𝘂𝗻𝗴 𝗖𝗵𝘂𝗻 မှ မျှဝေပေးလိုပါတယ် ။🚗
အရည်အသွေးကောင်းမွန်တဲ့ ဘရိတ်ဆီ (𝗕𝗿𝗮𝗸𝗲 𝗳𝗹𝘂𝗶𝗱) မှာ ရှိသင့်တဲ့ ဂုဏ်သတ္တိတွေကတော့
- အပူဒဏ်ကြောင့် အလွယ်တကူ အငွေ့ပျံပြီး လိုင်းထဲမှာ Vapor lock ( အငွေ့ကိုနင်းမိပြီး ပရက်ရှာမဖြစ်ဘဲ ဘရိတ်မမိခြင်း ) မဖြစ်စေဖို့ ရေဆူမှတ်မြင့်ရခြင်း ။
- အပူဒဏ်ကြောင့် ချောဆီ ဂုဏ်သတ္တိမပျောက်ရဘဲ ဘရိတ်စနစ်အတွင်းက အစိတ်အပိုင်းတွေကို လွယ်ကူစွာဖြင့် ကောင်းမွန်စွာ အလုပ်လုပ်စေနိုင်ခြင်း ။
- ဘရိတ်စနစ်မှာပါဝင်တဲ့ ရာဘာအစိတ်အပိုင်းတွေ သံထည်၊ ပိုက်တွေကို မစားရခြင်း စတာတွေဘဲဖြစ်ပါတယ် ။
အရည်အသွေးကောင်းမွန်ပြီး ရေရှည်အတွက် Brake Fluid ရွေးချယ်ချင်တယ်ဆိုရင်တော့ 𝐓𝐚𝐮𝐧𝐠 𝐂𝐡𝐮𝐧 ကနေ ထုတ်လုပ်ဖြန့်ချီထားတဲ့ 𝐍𝐢𝐁𝐊 (𝐁𝐫𝐚𝐤𝐞 𝐟𝐥𝐮𝐢𝐝) ကိုရွေးချယ်နိုင်ပြီး 𝐃𝐎𝐓 𝟒 အမျိုးအစားဖြစ်ပါတယ် ။
မော်တော်ယာဉ်များ ၊ လုပ်ငန်းသုံးယာဉ်များနှင့် ဆိုင်ကယ်များအားလုံး၏ ဟိုက်ဒရောလစ်ဘရိတ်နှင့် ကလစ်စနစ်များတွင် အသုံးပြုနိုင်ပါတယ် ။
ပိုမိုပြည့်စုံစွာ သိရှိစေဖို့အတွက် မိတ်ဆွေများအနေနှင့် 𝐓𝐚𝐮𝐧𝐠 𝐂𝐡𝐮𝐧 ရဲ့အောက်ပါ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐀𝐜𝐜𝐨𝐮𝐧𝐭 များတွင်လည်း ဝင်ရောက်လေ့လာနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ ။
''𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗨𝗣𝗞𝗘𝗘𝗣.𝗣𝗘𝗔𝗖𝗘𝗙𝗨𝗟 𝗝𝗢𝗨𝗥𝗡𝗘𝗬 ''