Skip to Content

CORPORATE SOCIAL RESPONSIBILITY 

မြန်မာဗုဒ္ဓဘာသာဝင်တို့၏ “ဘုရားမှာ စိန် ၊ ကျောင်းမှာ သိမ် ၊ သင်္ကန်းမှာ ကထိန်’’ ဟုဆိုသည့်အတိုင်း သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ သတ်မှတ်ပြီး ကာလဒါနအလှူဟု သတ်မှတ်ပြီး ကထိန်သင်္ကန်း အလှူဒါနများ ပြုလုပ်ကျင်းပလေ့ရှိပါသည်။


ထိုသို့သော ချစ်စရာကာလအလှူဒါနဖြစ်သော   ကထိန်အလှူဒါနအား Taung Chun Automotive Spare Parts Distribution မှ “ မြရတနာပရိယတ္တိကျောင်းတိုက် ‘’တွင် ကထိန်အလှူအနေဖြင့် ကျင်းပနေပုံများကို တောင်ချွန်း၏ မိတ်ဆွေများ အနေနှင့် ကြည်နူးပီတိဖြင့် သာဓုခေါ်ဆိုနိုင်စေရန် မျှဝေပေးလိုက်ပါသည် ။🙏

𝑻𝒂𝒖𝒏𝒈 𝑪𝒉𝒖𝒏 𝑪𝒐.,𝑳𝒕𝒅  မှ ဆီမီး ( ၃၅၀၀ ) အလှူတော် … 🕯️🕯️🕯️


𝑻𝒂𝒖𝒏𝒈 𝑪𝒉𝒖𝒏 𝑪𝒐.,𝑳𝒕𝒅  မိသားစုမှ မြန်မာတို့၏ ဓလေ့ထုံးတမ်းအစဉ်လာအရ တန်ဆောင်တိုင်ပွဲတော်တွင် ရွှေတိဂုံစေတီတော်၌ ဆီမီးဖယောင်းတိုင် ၃,၅၀၀ ဖြင့် ပူဇော်ခဲ့ကြပါသည် ။ ထိုကဲ့သို့ Taung Chun အဖွဲ့သားများနှင့်အတူတကွ ဆီမီးပူဇော်ရသည့် ကုသိုလ်များအား မိတ်ဆွေများလည်း ထပ်တူရရှိစေရန် မျှဝေပေးလိုက်ပါသည် ။


𝑻𝒂𝒖𝒏𝒈 𝑪𝒉𝒖𝒏 𝑪𝒐.,𝑳𝒕𝒅 မှလည်း တန်ဆောင်တိုင်ပွဲတော်တွင် မိတ်ဆွေများအနေနှင့် ပျော်ရွှင်ဆင်နွှဲနိုင်စေရန် ဆုတောင်းပေးလိုက်ပါသည် ။ 

🔹မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသည့် ရေလွှမ်းဒေသများမှ ရေဘေးသင့်ပြည်သူများဆီသို့ …..

🔹PTI Company Limited- Power Generators Distributor

🔹မန်းရွှေသူ မန္တလေးမုန့်တီ နှင့်အတူ …

🔹Taung Chun( Automotive Spare Parts Distribution )တို့မှ သိန်း (၁၀၀) ကျပ်တိတိကို မ, တည်ဦးဆောင်ပြီး လှူဒါန်းသွားမည်ဖြစ်ပါသည်… 🙏

🔹ရေဘေးအန္တရာယ် တွေ့ကြုံသူ အပေါင်း အမြန်ဆုံးအခက်အခဲမှ လွတ်မြောက်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ် … 🙏

🔹လှူဒါန်းခွင့်ရသည့် ကုသိုလ်အကျိုးများအား မိဘပြည်သူများထပ်တူရရှိပြီး သာဓုခေါ်ဆိုနိုင်ကြပါစေ 🙏 …